Monday, November 20, 2017

ပိုက်ဆံရှာဖို့ ဘာတွေလုပ်မလဲ

အစ်ကို ကျွန်တော် ဘာအလုပ်လုပ်ရင်ကောင်းလဲ…ပိုက်ဆံများများ ရချင်တယ် အစ်ကိုရာ ဆိုပြီး chat box မှာ မကြာမကြာ အမေးခံရဖူးတယ်…တကယ်တမ်း ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တိုင်လဲကြိုးစားနေဆဲတစ်ယောက်ဆိုတော့ သူတို့ထက် အတွေ့အကြုံလေး နည်းနည်းပိုရှိတာကလွဲရင် ဆရာအဆင့်မှာရှိမနေတော့ ပြောရတော့ ခက်တဲ့အပိုင်းလေးတွေရှိတယ်…ဒါပေမယ့် တချို့အပိုင်းတွေကတော့ လမ်းညွှန်ပေးလို့ရသလောက် ညွှန်ပေးတယ်…အဲ့ထဲက ကျွန်တော်ပြောဖြစ်တဲ့ ၄ ချက်လောက်ကို ခုလိုချရေးကြည့်ဖြစ်တယ်…

နံပါတ်တစ်- ကျွန်တော်သူတို့ကို ပြန်မေးဖြစ်တာက ညီ ဘာလုပ်တတ်လဲ…
ဟုတ်တယ်ဗျ..တကယ်က လူတိုင်းတစ်ခုခုတော့ လုပ်တတ်တာပဲ…တော်တော်များများက သူများဘာလုပ်တတ်လဲ နဲ့ သူတို့ဘယ်လောက်ရလဲ ပဲ လိုက်ကြည့်နေကြတော့ ကိုယ်ဘာလုပ်တတ်လဲ မေ့နေတတ်ကြတယ်…အနည်းဆုံး ဘာမှမလုပ်တတ်ရင်တောင် စကားတော့ပြောတတ်တယ်ဟုတ်…လောကမှာ စကားပြောရုံနဲ့ ပိုက်ဆံရတဲ့လူတွေ ရှိတယ်ဆိုတာ တကယ်တော့ မမေ့သင့်ဘူးဗျ…တကယ်တမ်းလဲ ပိုက်ဆံလိုချင်ရင် သူများကိုကိုယ်က ကျကျနန ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်ပြမှရတာ…ဖောရှောနဲ့ ပိုက်ဆံရနေတယ်ဆိုရင်လဲ အားမကျနဲ့..အကြောင်းသိသွားတဲ့ တစ်နေ့ အဲ့ကောင် ဂွမ်းတာပဲ…ဒီတော့ ကိုယ်ဘာကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်လဲက တကယ်အရေးကြီးတယ်…

နံပါတ်နှစ်က- ကိုယ်လုပ်တာ ကိုယ်ယုံကြည်ဖို့လိုတာဗျ…
သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုရင်ဖွင့်ဖူးတယ်…သူ့အိမ်က ပိုက်ဆံတော်တော်ရှိတယ်…သူကတော့ ဘွဲ့ရသည်အထိ အိမ်ကပေးတဲ့ မုန့်ဖိုးနဲ့ အသက်ရှင်လာတာပေါ့ဗျာ…ခု ဘွဲ့ရပြီးတော့ သူက ကိုယ်ပိုင်အလုပ်လေး ချကြည့်ချင်တယ်…စိတ်အားကလဲ တော်တော်ထက်သန်တယ်…ခက်တာက သူ့အဖေကို သူက အရင်းအနှီးထုတ်ခိုင်းဖို့ မပြောရဲတာ…သူ့အဖေက သူ့ကိုမယုံကြည်လောက်ဘူးလို့ပဲ အတွေးဝင်နေတယ်…
ကျွန်တော့်ကို အကြံဥာဏ်တောင်းတော့ တစ်ခွန်းပဲ ပြန်ပြောဖြစ်ပါတယ်…
မင်းတစ်သက်လုံးတွေ့လာတဲ့ အဖေကိုတောင် ယုံကြည်အောင် မပြောနိုင်ရင် မင်းလုပ်ငန်းလုပ်တဲ့အခါ ခုမှစတွေ့တဲ့ လူတွေကို ယုံကြည်အောင် ဘယ်လိုပြောမလဲလို့…

နံပါတ်သုံးက ကိုယ့်နာမည်ဟာ ကိုယ့် brand တစ်ခုဆိုတာလေး မမေ့သင့်ဘူးဗျ…
ကျွန်တော်ဆိုအရင်က Online မှာတော်တော်ယွတဲ့ အထဲပါတယ်…ဟိုလူ့လိုက်စ ဒီလူ့လိုက်စနဲ့…ကိုယ့်ကိုသိလာတဲ့လူ တော်တော်များများကလဲ ကိုယ်ပွဲရှာရာကနေ သိလာတာများတယ်…like တွေ share တွေကတော့ ထောင်ချီတက်ခဲ့တာပဲ…ကောင်းကောင်းကန်းကန်းဆိုလို့ WY ဖြတ်ဖို့ ပိုစ့်လောက်ကပဲ ထင်ထင်ရှားရှားရှိတာ..

အဲ့မှာ ဘာတွေဆုံးရှုံ့းလဲဆိုတော့ ကိုယ်တကယ်ပိုက်ဆံရှာနေတဲ့ အလုပ်တွေနဲ့ တွဲနာမည်တွဲပြီး ကြီးတာမဟုတ်တော့ Branding အခြေထိုင်တဲ့ နေရာမှားတယ်ဆိုရမှာပေါ့..အချိန်တန်တော့ အဲ့နာမည်ကြီးခဲ့တဲ့ ဟာတွေက ပိုက်ဆံလဲ တစ်ပြားမှရတာမဟုတ်…

တကယ်တမ်းဆို ကျွန်တော့် Brand အခြေချခဲ့သင့်တာက ကိုယ်တိုင် ၆ နှစ်လောက်လုပ်လာတဲ့ Tour လောကမှာရယ်...ကိုယ့်ရဲ့ပြင်ပမှာ Extra income အဖြစ်ရှာတဲ့ နယ်ပယ်တွေမှာ ဖြစ်သင့်တာ…

နံပါတ်လေးက လုပ်သင့်တာလုပ်ပြီး မလုပ်သင့်တာ မလုပ်ဖို့ပဲ…
ဒီစကားကြားရင် တချို့ကရယ်တယ်…လွယ်လိုက်တာပေါ့..အဲ့ဒါဆို မင်းအဲ့လို နေနိုင်လားမေးရင် အီး အဲ ဖြစ်ကုန်ကော…

တကယ်တမ်း ပြန်တွေးကြည့်ရင် ကျွန်တော်တို့ မအောင်မြင်ခဲ့တဲ့ ကိစ္စတွေပြန်တွေးကြည့်ရင် တော်တော်များများက အဲ့အချက်နဲ့ တစ်ခုမဟုတ် တစ်ခုသွားညိတယ်…
ဥပမာ စာမေးပွဲကျဖူးတဲ့လူဆိုရင် သိတယ်…စာကျက်သင့်တဲ့ အချိန်မှာ စာကျက်ရင် ကျဖို့ဆိုတာ ရာခိုင်နှုန်းနည်းတယ်ဟုတ်…

ဒီတော့ ဒီအချက်တွေဖတ်ပြီး လိုက်နာရင် ပိုက်ဆံတွေရပြီလားလို့မေးရင် ကျွန်တော်လဲ အာမမခံဘူး..ဒါပေမယ့် ခင်ဗျားတို့လဲ ဖတ်ပြီးရင်တော့ ဒီအချက်တွေကိုတော့ ကျင့်သုံးသင့်တယ်လို့ ယူဆရင် ကျင့်သုံးကြည့်ပေါ့..မှားတယ်ထင်ရင် Fuck off! ဆိုပြီး ကျွန်တော့်ကို ၀ိုင်းဆဲကြပေါ့..ဒါပဲရှိတာ :P
 
စိုင်းလူသျှား

ဖိနပ်

တကယ်တော့ဘဝမှာ ကျနော်တို့ဟာ ရွေးချယ်စရာဖိနပ်တွေများသော်ငြား ခြေထောက်ဟာ တစ်ရံပဲစီးဖို့ ကန့်သတ်ခြင်းခံထားရတယ်...ဒီအခါမှာ ကိုယ်ထင်ကုတင်ရွှေနန်း လုပ်ကြတဲ့ လူတွေရဲ့ ခြေထောက်က ဖိနပ်ဟာ ကြည့်ရဆိုးတော့တာပဲ...

လူတော်တော်များများက မာ့ခ်ဇူကာဘတ် ရိုးရိုးတီရှပ်လေးဝတ်တာကို မီးမောင်းထိုးပြကြတယ်...သိပ်ကိုရိုးရှင်းတယ်..နမူနာ ယူစရာပေါ့...ဒါပေမယ့် ခင်ဗျားမမေ့ဖို့က ဒါဟာသူနဲ့ကိုက်တဲ့ ဖိနပ်ကို သူစီးထားတာပါ...တကယ်လို့များသူဟာ နည်းပညာသမားတစ်ယောက်မဟုတ်ဘဲ ဖက်ရှင်လုပ်ငန်းပိုင်ရှင်ဖြစ်နေရင်ကော..ဒါမျိုးဝတ်လို့ရပါ့မလား...

တခါတရံ ကျနော်တို့ပတ်ဝန်းကျင်မှာ လူမှုရေးအရှုပ်အရှင်းတွေ သိပ်များလွန်းတယ်...တချို့ဆိုအကျပ်အတည်းတစ်ခုကြားမှာ လူတွေရဲ့ယဉ်ကျေးမှု အမြင်နဲ့ မကိုက်ညီတဲ့ ဖိနပ်တွေကိုသူတို့စီးကြရတယ်...ကျနော့်ကို အဲ့ဒါနဲ့ပတ်သတ်ပြီး လာမေးရင် ကျနော်ကတော့ ပြုံးပဲနေလိုက်တယ်...တကယ်ကကျနော်လဲ မဖြေတတ်ဘူး...လူတစ်ယောက် တောင်းစားနေရတဲ့ ဘဝကို ကြည့်စမ်း တောင်းစားနေလိုက်တာ..တခြားအလုပ်ကျမလုပ်ဘူးလို့ ကျနော်မထင်မြင်ရဲဘူး...သူသွားမယ့်လမ်းမှာ ကျနော်ဆိုရင်ကော တောင်းစားတဲ့ဖိနပ်မစီးဖြစ်ဘူးလို့ ရဲရဲကြီး အာမမခံရဲဘူး...လိုက်တောင်းစားလိမ့်မယ်လို့ ပြောတာမဟုတ်သလို ကျနော်သူ့လမ်းကို မရောက်ဘူးလို့ အဖြေမပေးချင်တာပဲ...

တကယ်တော့ ဘဝဟာ ကိုယ်နဲ့ကိုက်မယ့်ဖိနပ်တစ်ရံကိုရှာတွေ့ဖို့တောင် ခက်ခဲတဲ့အနေအထားမှာ သူများတွေ အဆီအငေါ်မတည့်တဲ့ အနေအထားကို လိုက်ဝေဖန်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်...ကိုယ်သွားမယ့်လမ်းကိုဦးတည်ပြီး ကိုယ့်ဖိနပ်လေးပြောင်အောင် တိုက်ကြတာပေါ့...

စိုင်းလူသျှား

ဘယ်နေရာ မှာ ဘာလုပ်ရင်း ဘာတွေပြန်ပြောမှာလဲ...

တစ်နေ့က ဘော်ဒါတွေနဲ့ ဆိုင်ထိုင်တော့ အရင်ကဆိုးခဲ့ပေခဲ့တာတွေ ပြန်ပြောဖြစ်တယ်...ကိုယ့်အရွယ်ကလဲ ၂၆ ဆိုတော့ တချို့ကိစ္စတွေဆိုရင် ဂျောက်ဂျက်သီချင်းလို မင်းလုပ်ခဲ့သမျှ လွန်ခဲ့တဲ့ ၅ နှစ်က ငါလုပ်ခဲ့တာချည်းလို့ တချို့နေရာတွေ ကြွယ်လို့ရတာပေါ့လေ...

အရင့် အရင် ခေတ်များတုန်းကတော့ ယောကျာ်းတစ်ယောက် အရက်သောက် ဘီယာ သောက်ရင် ဒါလူဆိုးလူမိုက်လူပေလူတေ...တက်တူးလေးများရှိရင် ထောင်ထွက်...
ဒီဘက်ခေတ်ရန်ကုန် လူငယ်အသိုင်းအဝိုင်းကတော့ joint မပုတ်တတ်ရင်တောင် noob လို့သတ်မှတ်ကုန်ကြပြီ...တက်တူးမရှိရင် မဂေါ်တော့ဘူး...

ဒီတော့ ကျနော်အယူအဆကတော့ တစ်ခုပဲရှိတယ်...
လူငယ်တွေဆိုတာကတော့ လမ်းမပေါ်ရောက်ရင် မျောမှာပဲ...ဒါကြီးကို မင်း စောက်သုံးမကျဘူးဆိုပြီး အပြစ်ကြီးပဲထိုင်တင်နေလို့မရဘူး...ခုလိုမျောတာက အပြစ်မဟုတ်ဘူး...

အရေးကြီးတာက ဘာလဲဆိုတော့ အဲ့မျောခဲ့တဲ့အကြောင်းတွေကို နောက်လာမယ့် ငါးနှစ်မှာ သို့မဟုတ် ဆယ်နှစ်မှာ ဘယ်နေရာမှာ ဘာတွေ လုပ်ပြီးပြောနေမလဲက အရမ်းအရေးကြီးတာ...

ဆိုလိုချင်တာက ဂျေမီဆိုရင် သူ့အင်တာဗျူးတစ်ခုမှာ ပြောတယ်..ကျနော်အရင်က အရက်လောက်ကို အသာထား ပစ္စည်းစုံကို တစ်ညတည်းဖြုတ်တာလို့ ဝန်ခံဘူးတယ်...ခုသူဒါတွေကို ပြန်ပြောနေတဲ့အချိန်မှာ ဆေးလိပ်တောင် မသောက်တော့တဲ့ ဘုရားသားတော်ဖြစ်နေပြီ...

Xbox လဲ သူ့အချိန်တချို့ကို အထဲမှာ ပေးဆပ်ခဲ့ရတယ်..သူဒါတွေကို ပြန်ပြောနေချိန်မှာ စင်ပေါ်ကနေ ပြောနေတာ..

ဒီတော့ ခင်ဗျားတို့ ကျနော်တို့သည်လဲ မျောနေခြင်းသည် အပြစ်တစ်ခုတော့မဟုတ်...ဒါပေမယ့် တချိန်မှာ ငါ ဇေကို သံပုရာသီးနဲ့ ကစ်ခဲ့တာကွ လို့ အာပေါင်အာရင်းသန်သန် ပြောနေခြင်းသည် 5 star အဆင့်ရှိတဲ့ ဟိုတယ်ကြီးပေါ်မှာ ရှန်ပိန် တစ်ခွက်ကို အရသာခံရင်း ပြောနေဖို့တော့လိုအပ်တယ်...

Sai Lu Shar