Monday, November 20, 2017

ဘယ်နေရာ မှာ ဘာလုပ်ရင်း ဘာတွေပြန်ပြောမှာလဲ...

တစ်နေ့က ဘော်ဒါတွေနဲ့ ဆိုင်ထိုင်တော့ အရင်ကဆိုးခဲ့ပေခဲ့တာတွေ ပြန်ပြောဖြစ်တယ်...ကိုယ့်အရွယ်ကလဲ ၂၆ ဆိုတော့ တချို့ကိစ္စတွေဆိုရင် ဂျောက်ဂျက်သီချင်းလို မင်းလုပ်ခဲ့သမျှ လွန်ခဲ့တဲ့ ၅ နှစ်က ငါလုပ်ခဲ့တာချည်းလို့ တချို့နေရာတွေ ကြွယ်လို့ရတာပေါ့လေ...

အရင့် အရင် ခေတ်များတုန်းကတော့ ယောကျာ်းတစ်ယောက် အရက်သောက် ဘီယာ သောက်ရင် ဒါလူဆိုးလူမိုက်လူပေလူတေ...တက်တူးလေးများရှိရင် ထောင်ထွက်...
ဒီဘက်ခေတ်ရန်ကုန် လူငယ်အသိုင်းအဝိုင်းကတော့ joint မပုတ်တတ်ရင်တောင် noob လို့သတ်မှတ်ကုန်ကြပြီ...တက်တူးမရှိရင် မဂေါ်တော့ဘူး...

ဒီတော့ ကျနော်အယူအဆကတော့ တစ်ခုပဲရှိတယ်...
လူငယ်တွေဆိုတာကတော့ လမ်းမပေါ်ရောက်ရင် မျောမှာပဲ...ဒါကြီးကို မင်း စောက်သုံးမကျဘူးဆိုပြီး အပြစ်ကြီးပဲထိုင်တင်နေလို့မရဘူး...ခုလိုမျောတာက အပြစ်မဟုတ်ဘူး...

အရေးကြီးတာက ဘာလဲဆိုတော့ အဲ့မျောခဲ့တဲ့အကြောင်းတွေကို နောက်လာမယ့် ငါးနှစ်မှာ သို့မဟုတ် ဆယ်နှစ်မှာ ဘယ်နေရာမှာ ဘာတွေ လုပ်ပြီးပြောနေမလဲက အရမ်းအရေးကြီးတာ...

ဆိုလိုချင်တာက ဂျေမီဆိုရင် သူ့အင်တာဗျူးတစ်ခုမှာ ပြောတယ်..ကျနော်အရင်က အရက်လောက်ကို အသာထား ပစ္စည်းစုံကို တစ်ညတည်းဖြုတ်တာလို့ ဝန်ခံဘူးတယ်...ခုသူဒါတွေကို ပြန်ပြောနေတဲ့အချိန်မှာ ဆေးလိပ်တောင် မသောက်တော့တဲ့ ဘုရားသားတော်ဖြစ်နေပြီ...

Xbox လဲ သူ့အချိန်တချို့ကို အထဲမှာ ပေးဆပ်ခဲ့ရတယ်..သူဒါတွေကို ပြန်ပြောနေချိန်မှာ စင်ပေါ်ကနေ ပြောနေတာ..

ဒီတော့ ခင်ဗျားတို့ ကျနော်တို့သည်လဲ မျောနေခြင်းသည် အပြစ်တစ်ခုတော့မဟုတ်...ဒါပေမယ့် တချိန်မှာ ငါ ဇေကို သံပုရာသီးနဲ့ ကစ်ခဲ့တာကွ လို့ အာပေါင်အာရင်းသန်သန် ပြောနေခြင်းသည် 5 star အဆင့်ရှိတဲ့ ဟိုတယ်ကြီးပေါ်မှာ ရှန်ပိန် တစ်ခွက်ကို အရသာခံရင်း ပြောနေဖို့တော့လိုအပ်တယ်...

Sai Lu Shar

No comments:

Post a Comment